ချစ်​သူ ငါး

ညီးတွားသံ သဲ့သဲ့ဖြင့် ဆေးရုံကုတင်ထက်မှ မိန်းကလေး တစ်ယောက် သတိရလာသည်။ အနားမှာ စောင့်နေကြသော မိသားစုဝင်များ ၀မ်းသာအားရဖြစ်ကာ ဆရာဝန်ခေါ်သည့်သူက ခေါ်၊ ရေတိုက်သည့်သူက တိုက် ကာ အလုပ်ရှုပ်နေကြသည်။ ထိုမိန်းကလေးကတော့ မိမိဘာကြောင့် ဆေးရုံရောက်နေသည်ကို ကောင်းစွာသတိရပုံမပေါ်သေးပေ။
အဖြစ်မှန်မှာ ကားအက်ဆီးဒင့်ကြောင့် ဆေးရုံပေါ်တွင် နှစ်လကြာမျှ နှင်းမှုန် သတိလစ်မေ့မျောနေခဲ့ခြင်းဖြစ်သည်။ သူမ၏ မိသားစုကလည်း နှင်းမှုန် သတိပြန်ရလာသဖြင့် ၀မ်းသာနေကြသည်။ ဆရာဝန်ကြီးများ လိုအပ်တာ စမ်းသပ်ပြီးနောက် “စိတ်ချရသည့် အခြေအနေဖြစ်ပြီ” ဟု မှတ်ချက်ပေးသွားခဲ့သည်။ “ဒဏ်ရာတွေ သက်သာလျှင် ဆေးရုံက ဆင်းလို့ရပြီ” ဟုလည်း ပြောခဲ့သဖြင့် ဆင်းရမည့် အချိန်ကို စောင့်ရုံသာ …. ဆေးရုံပေါ်တွင် လူးလွန့်ရင်း စိတ်အစဉ်ကတော့ အတိတ်ဆီသို့လွင့်လျက် ..
        ဘယ်ဆီကိုမင်းရောက်နေမလဲ ဘာတွေကိုမင်းလုပ်နေမလဲ ဘယ်သူနဲ့မင်းရှိနေမယ် တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ ငါသတိရပါတယ် …….
ဆေးရုံဝင်းအပြင်ဘက် လက်ဘက်ရည်ဆိုင်မှ ပျံ့လွင့်လာသော လေးဖြူရဲ့သီချင်းသံက ခံနိုင်ရည်ကို စမ်းသပ်နေယောင်။ မယုံနိုင်စရာအဖြစ်အပျက်တွေကို တွေးမိတိုင်း နှင်းမှုန်စိတ်ထဲ တနုံ့နုံ့။ မိမိဆုံးဖြတ်ချက် မှားလား၊ မှန်လား မသိတော့။ ကိုယ်တိုင် ခံနိုင်ရည်ရှိပ့ါမလားလဲ မတွေးချင်တော့။ သို့သော် … ရင်ထဲတွင်တော့ တွေးမိတိုင်း တစ်စစ်စစ် နာကျင်နေရဆဲ …. တိုက်ဆိုင်တိုင်း မျက်ရည်ဝဲရမြဲ။ “အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့ အလွယ်တကူငါမေ့မရဘူးကွယ်”… တဲ့။ မှန်လေစွ။ သုံးနှစ်နီးပါး ဆိုသော အတိုင်းအတာသည်လည်း ရင်ထဲတွင် အမြစ်စွဲဖို့ လုံလောက်ခဲ့သည် မဟုတ်ပါလား။

No comments:

Post a Comment

ချစ်​သူ ငါး

ညီးတွားသံ သဲ့သဲ့ဖြင့် ဆေးရုံကုတင်ထက်မှ မိန်းကလေး တစ်ယောက် သတိရလာသည်။ အနားမှာ စောင့်နေကြသော မိသားစုဝင်များ ၀မ်းသာအားရဖြစ်ကာ ဆရာဝန်ခေါ်သည့်သ...